Sunday, June 1, 2014

Apple က Beats Music နဲ့ Beats Electronics ကို ဒေါ်လာ သုံး ဘီလီယမ် ဖြင့် ၀ယ်ယူကြောင်း အတည်ပြု

Apple က အခပေး သီချင်း ထုတ်လွှင့်သည့် ၀န်ဆောင်မှုနှင့် Headphone and Speaker ထုတ်လုပ်သည့်
Beats Music and Beats Electronics ကို ၀ယ်ယူ လိုက်ကြောင်း အတည်ပြု ပြောကြား ပါသည်။ ဒေါ်လာ
သုံး ဘီလီယမ် ဖြင့် ၀ယ်ယူခြင်း ဖြစ်ပြီး ဒေါ်လာ ၂.၆ ဘီလီယမ် မှာ ၀ယ်ယူသည့် ဈေးနှုန်း ဖြစ်ပြီး ဒေါ်လာ
သန်းလေးရာမှာ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံသည့် ငွေပမာဏ ဖြစ်ပါသည်။

The Beats ကို တည်ထောင်သူ Jimmy Lovine နှင့် Dr. Dre တို့က Apple လက်အောက်တွင် အလုပ်လုပ်
မည် ဖြစ်သည်။

“ Beats ကို ၀ယ်ယူ လိုက်ခြင်း ဟာ iTunes Radio မှ သီချင်းများ အခမဲ့ ထုတ် လွှင့်တဲ့ ၀န်ဆောင်မှု ကနေ
ကမ္ဘာ့အဆင့် အခပေး သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှု အထိ ကျွန်တော်တို့ရဲ့ သီချင်း ၀န်ဆောင်မှု ကဏ္ဍ
ကို တိုးတက်ကောင်းမွန်စေမှာပါ “ဟု Apple ၏ Internet Software and Services ဌာနမှ ဒုတိယဥက္ကဌ
ဖြစ်သူ Eddy Cue က ပြောပါသည်။

Dr.Dre က လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းမှပင် Apple က Beats Electronics ကို ၀ယ်ယူချင်သည်
ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ Apple က Beats Electronics ကို ၀ယ်ယူလိုက်ပြီဆိုသည့် သတင်း
များလည်း ထွက်ပေါ်ခဲ့ပါသည်။ Apple က ယခုမှသာ ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားခြင်း ဖြစ်ပါ
သည်။

ဂီတသည် ကျွန်တော်တို့ လူသားများဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Apple ၏ အဓိက ၀န်
ဆောင်မှု တစ်ခုလည်း ဖြစ်သည် ဟု CEO Tim Cook က ပြောပါသည်။

Beats ၏ ထုတ်ကုန်များကို အွန်လိုင်းမှာသာမက Apple အရောင်းဆိုင်များတွင်ပါ ရောင်းချပေးမည်ဟု Apple က ပြောပါသည်။

“ Beats ဟာ တစ်ချိန်မှာ Apple နဲ့ ပူးပေါင်းနိုင်မယ်ဆိုတာ ကျွန်တော် ကြိုတင်မြင်နေပါတယ်။ ကျွန်တော်တို့
Beats ကို တည်ထောင်ရတဲ့ စိတ်ကူးကလည်း Apple ရဲ့ ပြိုင်စံရှားတဲ့ ယဉ်ကျေးမှုနဲ့ နည်းပညာကို ပေါင်းစပ်
နိုင်တဲ့ စွမ်းရည်ကြောင့်ဖြစ်ပါတယ်။ “ ဟု Jimmy Lovine က ပြောပါသည်။

BY Vampire Joker

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

No comments:

Post a Comment