Sunday, June 15, 2014

ချစ်သူသိစေသား.........,

နင်ပေးခဲ့တဲ့ဒဏ်ရာတွေ
ဒီလောက်ဆိုငါ့အတွက်
လုံလောက်ပါပြီဟာ
နေ့တိုင်းပြောနေတဲ့စကားတွေအားလုံး
မုသားတွေပဲဆိုတာသိလည်းငါနင့်ကိုအပြစ်မဆိုရက်ခဲ့ဘူး
ငါ့ကိုနင်တကယ်မချစ်မှန်းသိလည်း
ငါမုန်းလို့မရဘူး
တကယ်ဆိုရင်
ငါရူးနေတာမဟုတ်ဘဲ
နင့်ကို ချစ်လွန်းလိုသာ့
ရူးချင်ယောင်ဆောင်ခဲ့တာပါ
ငါ့ကိုမုန်းတယ်ဆိုပြီး
ထားခဲ့မယ့်အစား
ဆက်ပြီးချစ်ချင်ယောင်ဆောင်ပေးလို့ရမလား 
ချစ်သူ။
 အခုငါ့ဘဝက
 နင်မရှိလို့ မဖြစ်တော့လို့ပါဟာ.......

  By Vampire Joker (စလင်းသား)

တောင်းပန်စာ

အခုတလော သတင်းများမရေးနိုင်တာတောင်းပန်ပါတယ် အခက်အခဲလေးတစ်ခုကြုံနေရလို့ပါ 

Tuesday, June 3, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ၇.၆.၂၀၁၄ ရက်နေ့ စနေနေ့တွင် ထုတ်ပြန်ကြေညာမည်။...ဟု moemyanmar.net တွင်ဖော်ပြကြေညာ...

By Vampire Joker 

Monday, June 2, 2014

မြစ်သားတွင် မင်္ဂလာဆောင်မှ ကျွေးသည့် နတ်သုဒ္ဓါ စားရာမှ လူ ၁၈၀ ကျော် အစာ အဆိပ်သင့်

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ် ငါးဆူ ကျေးရွာတွင် မေလ ၃၁ ရက်နေ့ နံနက်
ပိုင်းက မင်္ဂလာ ဧည့်ခံပွဲတွင် ကျွေးသော နတ်သုဒ္ဓါ စားရာမှ ဧည့်ခံပွဲ လာသူ ၁၈၀ ကျော် အစာအဆိပ်သင့်မှု
ဖြစ်ပွားခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် မြစ်သားမြို့နယ် ပြည့်သူ့ဆေးရုံ ကူမဲတိုက်နယ် ဆေးရုံ
တို့မှ စုံစမ်းသိရှိရသည်။

အဆိုပါ နတ်သုဒ္ဓါကို စားပြီးနောက် အော့အန်ကာမူးမောခြင်း၊ ဝမ်းလျှော ၀မ်းပျက်ခြင်းများ ဖြစ်ပွားခဲ့ပြီး ယင်း
အစာ အဆိပ်သင့်သူများအနက် မြစ်သားဆေးရုံနှင့် ကူမဲတိုက်နယ် ဆေးရုံတို့တွင် သွားရောက် ဆေးကုသမှု
ခံယူသူများ ရှိသကဲ့သို့ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက သွားရောက်၍ ငါးဆူဘုန်းတော်ကြီး ကျောင်းဝင်းအ
တွင်းတွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း
ဒုရဲအုပ် မောင်မောင်လေးက The Voice သို့ ပြောကြားသည်။

“အကုန်လုံးကတော့ အစာဆိပ်သင့် ဖြစ်ပြီး ရောက်လာတာပဲ အခြေအနေကတော့ ကောင်းတယ် စိုးရိမ်စရာ
မရှိဘူး။ အစာကိုတော့ ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်တယ်” ဟု ကူမဲတိုက်နယ်ဆေးရုံမှ
ဆိုသည်။

ငါးဆူကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းတွင် ခေတ္တဖွင့်လှစ်ထားသည့် ဆေးခန်းတွင် ညနေ ၃ နာ
ရီ ၃၀ မိနစ်အချိန်ထိ လူနာ ၁၁၆ ဦး၊ မြစ်သားဆေးရုံ ၃၀ ကျော်၊ ကူမဲတိုက်နယ်ဆေးရုံ ၃၀ ကျော်တို့ လာ
ရောက် ဆေးကုသမှုခံယူ ခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။

ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ကျွဲနဖားကျေးရွာတွင် ဇန်န၀ါရီ ၂၀ ရက်နေ့ကလည်း ဝမ်းကိုက်ပိုးရှိသည့် အမျိုးသမီးနှစ်ဦး ချက်ပြုတ်သည့် အစားအစာ စားမိရာမှ လူ ၂၀ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည်။

The Voice Weekly မှကူးယူမျှဝေသည်။


By Vampire Joker

Sunday, June 1, 2014

Apple က Beats Music နဲ့ Beats Electronics ကို ဒေါ်လာ သုံး ဘီလီယမ် ဖြင့် ၀ယ်ယူကြောင်း အတည်ပြု

Apple က အခပေး သီချင်း ထုတ်လွှင့်သည့် ၀န်ဆောင်မှုနှင့် Headphone and Speaker ထုတ်လုပ်သည့်
Beats Music and Beats Electronics ကို ၀ယ်ယူ လိုက်ကြောင်း အတည်ပြု ပြောကြား ပါသည်။ ဒေါ်လာ
သုံး ဘီလီယမ် ဖြင့် ၀ယ်ယူခြင်း ဖြစ်ပြီး ဒေါ်လာ ၂.၆ ဘီလီယမ် မှာ ၀ယ်ယူသည့် ဈေးနှုန်း ဖြစ်ပြီး ဒေါ်လာ
သန်းလေးရာမှာ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံသည့် ငွေပမာဏ ဖြစ်ပါသည်။

The Beats ကို တည်ထောင်သူ Jimmy Lovine နှင့် Dr. Dre တို့က Apple လက်အောက်တွင် အလုပ်လုပ်
မည် ဖြစ်သည်။

“ Beats ကို ၀ယ်ယူ လိုက်ခြင်း ဟာ iTunes Radio မှ သီချင်းများ အခမဲ့ ထုတ် လွှင့်တဲ့ ၀န်ဆောင်မှု ကနေ
ကမ္ဘာ့အဆင့် အခပေး သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှု အထိ ကျွန်တော်တို့ရဲ့ သီချင်း ၀န်ဆောင်မှု ကဏ္ဍ
ကို တိုးတက်ကောင်းမွန်စေမှာပါ “ဟု Apple ၏ Internet Software and Services ဌာနမှ ဒုတိယဥက္ကဌ
ဖြစ်သူ Eddy Cue က ပြောပါသည်။

Dr.Dre က လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းမှပင် Apple က Beats Electronics ကို ၀ယ်ယူချင်သည်
ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ Apple က Beats Electronics ကို ၀ယ်ယူလိုက်ပြီဆိုသည့် သတင်း
များလည်း ထွက်ပေါ်ခဲ့ပါသည်။ Apple က ယခုမှသာ ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားခြင်း ဖြစ်ပါ
သည်။

ဂီတသည် ကျွန်တော်တို့ လူသားများဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Apple ၏ အဓိက ၀န်
ဆောင်မှု တစ်ခုလည်း ဖြစ်သည် ဟု CEO Tim Cook က ပြောပါသည်။

Beats ၏ ထုတ်ကုန်များကို အွန်လိုင်းမှာသာမက Apple အရောင်းဆိုင်များတွင်ပါ ရောင်းချပေးမည်ဟု Apple က ပြောပါသည်။

“ Beats ဟာ တစ်ချိန်မှာ Apple နဲ့ ပူးပေါင်းနိုင်မယ်ဆိုတာ ကျွန်တော် ကြိုတင်မြင်နေပါတယ်။ ကျွန်တော်တို့
Beats ကို တည်ထောင်ရတဲ့ စိတ်ကူးကလည်း Apple ရဲ့ ပြိုင်စံရှားတဲ့ ယဉ်ကျေးမှုနဲ့ နည်းပညာကို ပေါင်းစပ်
နိုင်တဲ့ စွမ်းရည်ကြောင့်ဖြစ်ပါတယ်။ “ ဟု Jimmy Lovine က ပြောပါသည်။

BY Vampire Joker

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

ဒီလိုဖြစ်သင့်ပါတယ်