Saturday, September 6, 2014

MPT ၁၅၀၀ တန် SIM Card များအားအဆမတန်ဈေးတင်ရောင်း

စလင်းမြို့နယ်အတွင်းဖုန်းဆိုင်တချို့တွင် MPT ၁၅၀၀ တန် SIM Card များအားအဆမတန်ဈေးတင်ရောင်း
ချနေပါတယ် တချို့ဆိုင်က တစ်သောင်းငါးထောင် တချို့ဆိုင်က တစ်သောင်းခြောင်ထောင်ငါးရာ တစ်ချို့ဆိုင်ကတော့ဟန်းဆက်ဝယ်ရင်ပေးတယ်တဲ့  

အားလုံးကိုမေးပါရစေ....ဒါဖြစ်သင့်ပါသလား.....?

By Vampire Joker

Thursday, July 17, 2014

မြန်မာ့ ဆက်သွယ်ရေးက အော်ရီဒူး၊ တယ်လီနောနှင့် ပြိုင်မည်ဟု ပြော

သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာ လိုင်စင် ရရှိထားသော အော်ရီဒူးကုမ္ပဏီနှင့် တယ်လီနော ကုမ္ပဏီတို့နှင့် အပြိုင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း MPTမှ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်သော KDDI ကုမ္ပဏီ၊ Sumitomo Corporation တို့နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ် ရေး ထိုးပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။
“အခုထက် ပိုကောင်းတဲ့  ၀န်ဆောင်မှုတွေပေးနိုင်အောင် ကျနော်တို့ ပူးပေါင်းတာပါ။ လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။
ဂျပန် KDDP ကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီတို့သည် KDDI Summit Global Myanmar (KSGM) ကုမ္ပဏီကို ပူးတွဲ တည်ထောင် ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှု ပမာဏအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀  ဖြစ်ပြီး ကနဦး ၁၀နှစ်စာချုပ် ချုပ်ကာလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ယင်းမှ တဆင့် နှစ်ဘက်သဘောတူညီမှုရှိပါက ဆက်လက်သက်တမ်းတိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
KSGMကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တကရှိနာဂရှီမက “အသစ်ဝင်လာမယ့် ကုမ္ပဏီ ၂ ခုကို တွန်းလှန် နိုင်အောင် ပူးပေါင်းတာပါ။ ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆပြီးသားပါ။ မိုဘိုင်းလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိ Network လွှမ်းခြုံမှု အတိုင်းအတာမှာ MPT ကနံပါတ်တစ်ပါ။ ဒီအချိန်မှာ ဒီထက်ကောင်းတဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းလိုက်ရင် MPT ကရပ်တည်နိုင်မှာပါ။ စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရမှာပါ”ဟု ပြောသည်။
KSGM ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် ဆက်သွယ်ရေးနှင့်အင်တာနက်ဝန်ဆောင်မှုတင်မကဘဲ ကြိုးဖုန်းများမှ တဆင့် အင်တာနက်သုံးနိုင်မည့် ၀န်ဆောင်မှု များပါ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် လုပ်ငန်း အသေး၊ လုပ်ငန်းအကြီး အလိုက် အရွယ်အစားအမျိုးမျိုး သုံးစွဲနိုင်ရန် အင်တာနက်မြန်နှုန်းများကိုလည်း ဈေးနှုန်း အမျိုးမျိုး ခွဲခြားရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ဖုန်းခေါ်ဆိုခဈေးနှုန်းများနှင့် ပတ်သက်၍ ယခုအချိန်တွင် အတိအကျမပြောနိုင်သေးသော်လည်း ယခုခေါ်ဆိုခ နှုန်းထား ထက် နိမ့်ကျမည်ဖြစ်ကြောင်းနှင့် မကြာမှီအတောအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။
MPT နှင့် ပူးပေါင်းဆောင်ရွက်သည့် Sumitomo Corporation သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ၁၉၇၂ခုနှစ်မှ စတင်ကာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည့် ကုမ္ပဏီတခုဖြစ်ပြီး အရှေ့တောင်အာရှ ရုံးခွဲကို မြန်မာပြည်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
“Sumitomo နဲ့ မြန်မာနဲ့က ဟိုးနှစ်ပေါင်း ၃၀လောက်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာပါ၊ ပြီးခဲ့တဲ့ ဆီးဂိမ်း တုန်းကလည်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အတွက် ပူးပေါင်းလုပ်ဆောင် ခဲ့ပါတယ်” ဟု Sumitomo Corporation ၏ အထွေထွေမန်နေဂျာ မစ္စတာ ထာဇူဂျီရို နရီတိုက ပြောသည်။
Sumitomo Corporation သည် ဂျပန်နိုင်ငံ တိုကျို အခြေစိုက်ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၆၇နိုင်ငံတွင် ရုံးပေါင်း၁၃၉ရုံး ဖွင့်လှစ်ထားပြီး KDDI ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၈နိုင်ငံတွင် ရုံးပေါင်း ၁၀၄ခု ဖွင့်လှစ်ထားသော ကုမ္ပဏီဖြစ်သည်။
သစ်နေမိုး
Ref & Credit to:ဧရာဝတီ
Fb-Button

မျှဝေခြင်း

မနက်ဖြန် ဂျူလိုင်လ(၁၉) ရက် နေ့မှာကြရောက်မည့် အာဇာနည်နေ့တွင် ဥသြော် ဆွဲပေးမဲ့ ဆော့ဝဲလေးကို  KM-Mobile (အ.ထ.က.ခွဲ အနီး ). phone - 09401571475 ကိုဆက်သွယ်၍ အခမဲ့လာရောက်ယူနိုင်ပါကြောင်း သတင်းကောင်ပါးအပ်ပါတယ်. 

Admin - Vampire Joker

Sunday, June 15, 2014

ချစ်သူသိစေသား.........,

နင်ပေးခဲ့တဲ့ဒဏ်ရာတွေ
ဒီလောက်ဆိုငါ့အတွက်
လုံလောက်ပါပြီဟာ
နေ့တိုင်းပြောနေတဲ့စကားတွေအားလုံး
မုသားတွေပဲဆိုတာသိလည်းငါနင့်ကိုအပြစ်မဆိုရက်ခဲ့ဘူး
ငါ့ကိုနင်တကယ်မချစ်မှန်းသိလည်း
ငါမုန်းလို့မရဘူး
တကယ်ဆိုရင်
ငါရူးနေတာမဟုတ်ဘဲ
နင့်ကို ချစ်လွန်းလိုသာ့
ရူးချင်ယောင်ဆောင်ခဲ့တာပါ
ငါ့ကိုမုန်းတယ်ဆိုပြီး
ထားခဲ့မယ့်အစား
ဆက်ပြီးချစ်ချင်ယောင်ဆောင်ပေးလို့ရမလား 
ချစ်သူ။
 အခုငါ့ဘဝက
 နင်မရှိလို့ မဖြစ်တော့လို့ပါဟာ.......

  By Vampire Joker (စလင်းသား)

တောင်းပန်စာ

အခုတလော သတင်းများမရေးနိုင်တာတောင်းပန်ပါတယ် အခက်အခဲလေးတစ်ခုကြုံနေရလို့ပါ 

Tuesday, June 3, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ၇.၆.၂၀၁၄ ရက်နေ့ စနေနေ့တွင် ထုတ်ပြန်ကြေညာမည်။...ဟု moemyanmar.net တွင်ဖော်ပြကြေညာ...

By Vampire Joker 

Monday, June 2, 2014

မြစ်သားတွင် မင်္ဂလာဆောင်မှ ကျွေးသည့် နတ်သုဒ္ဓါ စားရာမှ လူ ၁၈၀ ကျော် အစာ အဆိပ်သင့်

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ် ငါးဆူ ကျေးရွာတွင် မေလ ၃၁ ရက်နေ့ နံနက်
ပိုင်းက မင်္ဂလာ ဧည့်ခံပွဲတွင် ကျွေးသော နတ်သုဒ္ဓါ စားရာမှ ဧည့်ခံပွဲ လာသူ ၁၈၀ ကျော် အစာအဆိပ်သင့်မှု
ဖြစ်ပွားခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် မြစ်သားမြို့နယ် ပြည့်သူ့ဆေးရုံ ကူမဲတိုက်နယ် ဆေးရုံ
တို့မှ စုံစမ်းသိရှိရသည်။

အဆိုပါ နတ်သုဒ္ဓါကို စားပြီးနောက် အော့အန်ကာမူးမောခြင်း၊ ဝမ်းလျှော ၀မ်းပျက်ခြင်းများ ဖြစ်ပွားခဲ့ပြီး ယင်း
အစာ အဆိပ်သင့်သူများအနက် မြစ်သားဆေးရုံနှင့် ကူမဲတိုက်နယ် ဆေးရုံတို့တွင် သွားရောက် ဆေးကုသမှု
ခံယူသူများ ရှိသကဲ့သို့ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက သွားရောက်၍ ငါးဆူဘုန်းတော်ကြီး ကျောင်းဝင်းအ
တွင်းတွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း
ဒုရဲအုပ် မောင်မောင်လေးက The Voice သို့ ပြောကြားသည်။

“အကုန်လုံးကတော့ အစာဆိပ်သင့် ဖြစ်ပြီး ရောက်လာတာပဲ အခြေအနေကတော့ ကောင်းတယ် စိုးရိမ်စရာ
မရှိဘူး။ အစာကိုတော့ ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်တယ်” ဟု ကူမဲတိုက်နယ်ဆေးရုံမှ
ဆိုသည်။

ငါးဆူကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းတွင် ခေတ္တဖွင့်လှစ်ထားသည့် ဆေးခန်းတွင် ညနေ ၃ နာ
ရီ ၃၀ မိနစ်အချိန်ထိ လူနာ ၁၁၆ ဦး၊ မြစ်သားဆေးရုံ ၃၀ ကျော်၊ ကူမဲတိုက်နယ်ဆေးရုံ ၃၀ ကျော်တို့ လာ
ရောက် ဆေးကုသမှုခံယူ ခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။

ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ကျွဲနဖားကျေးရွာတွင် ဇန်န၀ါရီ ၂၀ ရက်နေ့ကလည်း ဝမ်းကိုက်ပိုးရှိသည့် အမျိုးသမီးနှစ်ဦး ချက်ပြုတ်သည့် အစားအစာ စားမိရာမှ လူ ၂၀ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည်။

The Voice Weekly မှကူးယူမျှဝေသည်။

By Vampire Joker

Sunday, June 1, 2014

Apple က Beats Music နဲ့ Beats Electronics ကို ဒေါ်လာ သုံး ဘီလီယမ် ဖြင့် ၀ယ်ယူကြောင်း အတည်ပြု

Apple က အခပေး သီချင်း ထုတ်လွှင့်သည့် ၀န်ဆောင်မှုနှင့် Headphone and Speaker ထုတ်လုပ်သည့်
Beats Music and Beats Electronics ကို ၀ယ်ယူ လိုက်ကြောင်း အတည်ပြု ပြောကြား ပါသည်။ ဒေါ်လာ
သုံး ဘီလီယမ် ဖြင့် ၀ယ်ယူခြင်း ဖြစ်ပြီး ဒေါ်လာ ၂.၆ ဘီလီယမ် မှာ ၀ယ်ယူသည့် ဈေးနှုန်း ဖြစ်ပြီး ဒေါ်လာ
သန်းလေးရာမှာ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံသည့် ငွေပမာဏ ဖြစ်ပါသည်။

The Beats ကို တည်ထောင်သူ Jimmy Lovine နှင့် Dr. Dre တို့က Apple လက်အောက်တွင် အလုပ်လုပ်
မည် ဖြစ်သည်။

“ Beats ကို ၀ယ်ယူ လိုက်ခြင်း ဟာ iTunes Radio မှ သီချင်းများ အခမဲ့ ထုတ် လွှင့်တဲ့ ၀န်ဆောင်မှု ကနေ
ကမ္ဘာ့အဆင့် အခပေး သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှု အထိ ကျွန်တော်တို့ရဲ့ သီချင်း ၀န်ဆောင်မှု ကဏ္ဍ
ကို တိုးတက်ကောင်းမွန်စေမှာပါ “ဟု Apple ၏ Internet Software and Services ဌာနမှ ဒုတိယဥက္ကဌ
ဖြစ်သူ Eddy Cue က ပြောပါသည်။

Dr.Dre က လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းမှပင် Apple က Beats Electronics ကို ၀ယ်ယူချင်သည်
ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ Apple က Beats Electronics ကို ၀ယ်ယူလိုက်ပြီဆိုသည့် သတင်း
များလည်း ထွက်ပေါ်ခဲ့ပါသည်။ Apple က ယခုမှသာ ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားခြင်း ဖြစ်ပါ
သည်။

ဂီတသည် ကျွန်တော်တို့ လူသားများဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Apple ၏ အဓိက ၀န်
ဆောင်မှု တစ်ခုလည်း ဖြစ်သည် ဟု CEO Tim Cook က ပြောပါသည်။

Beats ၏ ထုတ်ကုန်များကို အွန်လိုင်းမှာသာမက Apple အရောင်းဆိုင်များတွင်ပါ ရောင်းချပေးမည်ဟု Apple က ပြောပါသည်။

“ Beats ဟာ တစ်ချိန်မှာ Apple နဲ့ ပူးပေါင်းနိုင်မယ်ဆိုတာ ကျွန်တော် ကြိုတင်မြင်နေပါတယ်။ ကျွန်တော်တို့
Beats ကို တည်ထောင်ရတဲ့ စိတ်ကူးကလည်း Apple ရဲ့ ပြိုင်စံရှားတဲ့ ယဉ်ကျေးမှုနဲ့ နည်းပညာကို ပေါင်းစပ်
နိုင်တဲ့ စွမ်းရည်ကြောင့်ဖြစ်ပါတယ်။ “ ဟု Jimmy Lovine က ပြောပါသည်။

BY Vampire Joker

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

ဒီလိုဖြစ်သင့်ပါတယ်

Saturday, May 31, 2014

အချစ်ကဗျာ

ကြင်နာမှုတွေ ပုံပေးမိပါရဲ့
ငါပြန်ရလိုက်တာက
မျှော်လင့်မထားခဲ့တဲ့
နာကျင်မှုတွေပဲလား
နင့်ကိုတော့အပြစ်မတင်ချင်ပါဘူး
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့
နယူတန်ရဲ့နိယာမကိုပဲ
ပြောင်းပြန်လှန်လိုက်ချင်ပါရဲ့။

from Internet

by Vampire Joker

Monday, May 26, 2014

ချစ်သူတွေ ကျော်ဖြတ် ၇တဲ့ အဆင့် ( ၇ ) ဆင့်

ချစ်သူတွေ ကျော်ဖြတ် ၇တဲ့
အဆင့် ( ၇ ) ဆင့်
အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *
ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။
အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။
အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။
အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *
ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။
အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *
ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း
ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။
အဆင့် ၆။ ဂြိုလ်ဆိုးဝင် တဲ.့ အဆင့် ** ** **
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေး မ တွေ့ရလိုက်တာနဲ့ ဘေးလူတွေက ပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊
သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။
အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။
ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင်
ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင် သွားနိုင်ကြပါစေ။
ဲုပြသာနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင် သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ ..

အဆင်ပြေကြပါစေ..............
Vampire joker

အရက်နာခြင်း

အရက်နာ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုတဲ့ အတာသင်္ကြန်ပွဲမှာ တစ်နေကုန်တစ်နေခမ်း ရေကစားကြပြီးနောက် ချမ်းချမ်းတုန်နေတတ်လို့ ယမကာလေးနဲ့ နွှဲချင်တာဘဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပျော်လေးဖက်ချင်တာဘဲ ဖြစ်ဖြစ် ယမကာကို သောက်ဖြစ်ကြတဲ့အခါ နောက်နေ့တွေမှာ အရက်နာကျတာကြောင့် ရေကစား ပျက်တာလေးတွေ ၊ အပြည့်အ၀ မပျော်လိုက်ရတာလေးတွေ ဖြစ်တတ်ပါတယ်။

အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့ အပြန်အလှန် လုပ်ဆောင်မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သောက်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း

အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီး နောက်နေ့မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်းမကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်
Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလို မလုပ်နိုင်တာတော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
ယမကာနှင့် Congeners

Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစား အပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကိုတွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာ သောက်သုံးမိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာ သန့်စင်စွာထုတ်လုပ်ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက် သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတုပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး ၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။
ယမကာ အမျိုးအစား

တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကို နည်းပါးစေတယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက် များပြားတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာ သင့်ဆီးသွားများတာကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကို သက်သာစေမှာဖြစ်ပါတယ်။
ယမကာနှင့် ဈေးနှုန်း

ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့ မှန်ကန်သင့်သလောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာ ပြုလုပ်ထားပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ ယမကာများဟာ များသောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီး အခွင့်အလမ်းများစေပါတယ်။
ယမကာနှင့် ရေချိန်ကိုက်မှု

သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့ အရက်နာကျမှုကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်း ပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာ မူတည်တာကိုတွေ့ရပါမယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့ အခွင့်အရေးများမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။
အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ

အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင် နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့နှစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ပွဲမှာ အပျော်အပါးဖြစ်ရုံ အရက်သေစာ သောက်စား ကြသူများအတွက် နောက်နေ့မနက်မှာ အရက်နာကျတဲ့ ဝေဒနာမှ ကင်းဝေးစေဖို့ တင်ပြရင်း အားလုံးအတွက် မင်္ဂလာနှစ်သစ်အဖြစ် ဆုတောင်းပေးပါတယ်ရှင်။