Saturday, May 31, 2014

အချစ်ကဗျာ

ကြင်နာမှုတွေ ပုံပေးမိပါရဲ့
ငါပြန်ရလိုက်တာက
မျှော်လင့်မထားခဲ့တဲ့
နာကျင်မှုတွေပဲလား
နင့်ကိုတော့အပြစ်မတင်ချင်ပါဘူး
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့
နယူတန်ရဲ့နိယာမကိုပဲ
ပြောင်းပြန်လှန်လိုက်ချင်ပါရဲ့။

from Internet

by Vampire Joker

Monday, May 26, 2014

ချစ်သူတွေ ကျော်ဖြတ် ၇တဲ့ အဆင့် ( ၇ ) ဆင့်

ချစ်သူတွေ ကျော်ဖြတ် ၇တဲ့
အဆင့် ( ၇ ) ဆင့်
အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *
ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။
အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။
အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။
အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *
ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။
အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *
ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း
ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။
အဆင့် ၆။ ဂြိုလ်ဆိုးဝင် တဲ.့ အဆင့် ** ** **
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေး မ တွေ့ရလိုက်တာနဲ့ ဘေးလူတွေက ပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊
သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။
အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။
ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင်
ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင် သွားနိုင်ကြပါစေ။
ဲုပြသာနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင် သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ ..

အဆင်ပြေကြပါစေ..............
Vampire joker

အရက်နာခြင်း

အရက်နာ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုတဲ့ အတာသင်္ကြန်ပွဲမှာ တစ်နေကုန်တစ်နေခမ်း ရေကစားကြပြီးနောက် ချမ်းချမ်းတုန်နေတတ်လို့ ယမကာလေးနဲ့ နွှဲချင်တာဘဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပျော်လေးဖက်ချင်တာဘဲ ဖြစ်ဖြစ် ယမကာကို သောက်ဖြစ်ကြတဲ့အခါ နောက်နေ့တွေမှာ အရက်နာကျတာကြောင့် ရေကစား ပျက်တာလေးတွေ ၊ အပြည့်အ၀ မပျော်လိုက်ရတာလေးတွေ ဖြစ်တတ်ပါတယ်။

အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့ အပြန်အလှန် လုပ်ဆောင်မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သောက်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း

အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီး နောက်နေ့မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်းမကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်
Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလို မလုပ်နိုင်တာတော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
ယမကာနှင့် Congeners

Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစား အပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကိုတွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာ သောက်သုံးမိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာ သန့်စင်စွာထုတ်လုပ်ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက် သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတုပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး ၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။
ယမကာ အမျိုးအစား

တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကို နည်းပါးစေတယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက် များပြားတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာ သင့်ဆီးသွားများတာကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကို သက်သာစေမှာဖြစ်ပါတယ်။
ယမကာနှင့် ဈေးနှုန်း

ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့ မှန်ကန်သင့်သလောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာ ပြုလုပ်ထားပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ ယမကာများဟာ များသောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီး အခွင့်အလမ်းများစေပါတယ်။
ယမကာနှင့် ရေချိန်ကိုက်မှု

သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့ အရက်နာကျမှုကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်း ပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာ မူတည်တာကိုတွေ့ရပါမယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့ အခွင့်အရေးများမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။
အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ

အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင် နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့နှစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ပွဲမှာ အပျော်အပါးဖြစ်ရုံ အရက်သေစာ သောက်စား ကြသူများအတွက် နောက်နေ့မနက်မှာ အရက်နာကျတဲ့ ဝေဒနာမှ ကင်းဝေးစေဖို့ တင်ပြရင်း အားလုံးအတွက် မင်္ဂလာနှစ်သစ်အဖြစ် ဆုတောင်းပေးပါတယ်ရှင်။

Friday, May 23, 2014

ခေါင်းကိုက်​ ကုထုံး ​လေးပါ

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသ ပညာတက္ကသိုလ် စက်နှင့်ပျံသန်းယာဉ် ဌာနမှ ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့သော DAWN SWAZ အမည်ပေးထားသည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ 

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသ ပညာတက္ကသိုလ် စက်နှင့်ပျံသန်းယာဉ် ဌာနမှ ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့သော DAWN SWAZ အမည်ပေးထားသည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။လေယာဉ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွဲ့ဝင်တစ်ဦးဖြစ် သည့် ကိုစွမ်းထက်မှ ရိုးရာလေးကို အခုလိုရှင်းပြပါတယ်။"ကျွန်တော်တို့ တက္ကသိုလ်မှ ငါးနှစ်တာ သင်ကြားပေးခဲ့တဲ့ သီအိုရီများကို အခြေခံပြီး လက်တွေ့ အသုံးချဆောင်ရွက်နိုင်ဖို့ရယ် ၊ ကိုယ်ပိုင်ဒီဇိုင်းများတွက်ချက် ပြီး လေကြောင်းဆိုင်ရာနည်းပညာများ တိုးမြှင့်ဖော်ဆောင်နိုင်ဖို့ရယ် နောက်ပြီးတော့ အခုတည်ဆောက်ထားတဲ့လေယာဉ်ကို အကျိုးပြုလုပ်ငန်းများမှာ အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ကြိုးစားတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။လေယာဉ်ဆိုင်ရာ အချက်အလက်များကို ကိုဝေယံစိုးမှ ဆက်လက်ရှင်းပြရာ" ကျွန်တော်တို့ DAWN SWAZ လေယာဉ်ဟာ တောင်ပံအလျား ၉ ပေ၊ ကိုယ်ထည်အလျား ၅.၈ ပေရှိပြီးအင်ဂျင်ပါဝါ 2.9 hpကို အသုံးပြု တည်ဆောက် ထားပါတယ်၊ တစ်စီးလုံးရဲ့အလေးချိန်ကတော့ ၂၃ပေါင်ရှိပါ တယ်၊ လေယာဉ်ရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့လေယာဉ်ဟာ အမေရိကန်နိုင်ငံမှာ လက်ရှိ အသုံးပြုပျံသန်းလျက်ရှိတဲ့ Predator MQ-9 Reaper လေယာဉ်ဒီဇိုင်းကို မှီငြှမ်းပြီး ကိုယ်ပိုင်ဒီဇိုင်းဆွဲ တည်ဆောက် ထားခြင်းဖြစ်ပါတယ်၊ အမြှီးပိုင်းကို သာမာန်လေယာဉ် ဒီဇိုင်းတွေလို မဟုတ်ပဲ ထိန်းချုပ်ပျံသန်းရာမှာ ပိုပြီးကောင်းဖို့အတွက် Y ပုံသဏ္ဍန်Tail ကိုတည်ဆောက်ကာ အင်ဂျင်ကနေ နောက်တွန်းအားကို ယူပြီးပျံသန်းရတဲ့ ဒီဇိုင်းဖြစ်ပါတယ် ဒီ့မတိုင်ခင် DAWN SWAZ,လေယာဉ် တည်ဆောက်မှု မတိုင်ခင် အကြိုစမ်းသပ်မှုအနေဖြင့် Motor Power သုံးလေယာဉ်ငယ် ကို ယမန်နှစ်က စမ်းသပ်ပျံသန်းခဲ့ပါသေးတယ်။ အဲလိုအကြိုစမ်းသပ် မှုတွေ လုပ်ခဲ့လို့သာ တိကျမှန်ကန်တဲ့ ဒီဇိုင်းတွက်ချက်မှု platform ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုကျွန်တော်တို့လေယာဉ်ဟာ အမြင့်ပေ၂၀၀၀ခန့်ပျံသန်းနိုင်ပြီး အချိန်တစ်နာရီခန့်ကြာအောင် ပျံသန်းလို့ရ ပါတယ်။ လေယာဉ်ရဲ့ရှေ့ခေါင်းပိုင်းမှာတော့ aerial photographing လုပ်ဖို့ အတွက် ကင်မရာတပ်ဆင်ထားပါတယ်။"စမ်းသပ်ပျံသန်းရာတွင်တွေ့ကြုံရသည့်ရလာဒ်များကို အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇင်မောင် မှ အခုလိုပြောပြပါတယ်။" ပထမအကြိမ် စမ်းသပ်ပျံသန်းမှု အနေ နဲ့ အမြင်ပေ ၈၀၀ခန့် မှာအချိန် ၁၀မိနစ်ခန့် ကောင်းကင် ဓါတ်ပုံရိုက်နိုင်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့လေယာဉ်ဟာ စမ်းသပ်ပျံသန်းချိန်မှာ အသက်အဆင်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး လေထဲမှာ တည်ငြိမ်စွာပျံသန်းနိုင်ခဲ့ပါတယ် ၊ပြောင်းလဲ အသုံးပြုလိုက်တဲ့ Y-tail ဒီဇိုင်းဟာ Control ပိုင်းမှာ တည်ငြိမ် ကောင်းမွန်စွာ ထိန်းချုပိ ပျံသန်းနိုင်တာတွေ့ရှိခဲ့ရပါတယ်"အခုလို အောင်မြင်ခဲ့သည့်အပေါ် ခံစားချက်များကို အဖွဲ့ဝင်ကျောင်းသား တစ်ဦးဖြစ်သည့်ကိုအောင်ငြိမ်းချမ်းထွဋ် မှ အခုလို ပြောပြသွားပါတယ်။" ကျောင်းသားများအနေနဲ့ အခုလို အင်ဂျင်ပါဝါသုံး လေယာဉ်ကို တည်ဆောက်ပျံသန်းနိုင်တာ ဒါပထမဆုံးဖြစ်ပါတယ်။ အခုလို အောင်အောင်မြင်မြင်ပျံသန်းသွားခဲ့တာတွေ့ရတော့ ကြိုးစားအားထုတ်မှုရဲ့နောက်မှာ တန်ဖိုးတူ ရလာဒ်တစ်ခုရှိနေတယ်ဆိုတာလက်တွေ့ယုံကြည်လိုက်ရလို့ အဖိုးမဖြတ်နိုင်တဲ့စိတ်ဓါတ်အင်အားတွေ ရရှိခဲ့ပါတယ်၊ကျောင်းတော်ကြီးအတွက်လည်း ဂုဏ်ယူရင်းအတိုင်း မသိပျော်ရွှင်မိပါတယ်""Projectတွေကို အကျိုးပြုလုပ်ငန်းတွေအထိ အသုံးချနိုင်ရန် အမြဲအားပေး တိုက်တွန်းပေးတဲ့ ပါမောက္ခချုပ်ကြီးနှင့် ငါးနှစ်တာပညာသင်ကြားပေးခဲ့တဲ့ စက်နှင့်ပျံသန်းယာဉ်ဌာနမှ ဆရာ ဆရာမများအား အထူးပင်ကျေးဇူးတင် ရှိပါတယ်။ အချန်ပြည့်အားပေးကူညီပေးခဲ့သော ကျွန်တော်တို့ရဲ့ Supervisorများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ လေယာဉ်ဒီဇိုင်း ဆွဲနည်း ပညာများမှသည် ဒီပရောဂျက်ကို အစမှအဆုံး အနီးကပ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့ပါသော မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှဆရာ ဆရာမများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။"DAWN SWAZ အဖွဲ့အား ဆက်သွယ်ရန် -https://www.facebook.com/pages/DAWN-SWAZ/125931760910359     ...............................................................        

From  ရိုးရာလေးပြည်တွင်းသတင်း

ဂစ်​တာ လက်​ကွက်​လေး​တွေပါ

အသုံးဝင်​မယ်​ထင်​လို့ပါ.... ဂစ်​တာ လက်​ကွက်​​လေး ​တွေပါ.....

Monday, May 19, 2014

တယ်​လီ​နော်​ ကို အား​ပေးကြပါ.....ဗျို့

တယ်လီနော်ကတော့ အော်ဂလီဒူးလို ဘာစာချုပ် ညာစာချုပ်မှချုပ်စ၇ာမလိုပါဘူး၊ လွတ်လပ်စွာေ၇ာင်းချခွင့်၇ှိပါတယ်၊ ငွေဖြည်.ကတ် ၁၀၀၀မှ၁၀၀၀၀ထိ၇နိုပင်ါတယ်။ ပြီးတော့ SPECIAL SIMCARDဆိုတာလည်းထုတ်မယ်ဆိုတာကိုလ ည်းပြောသွားပါတယ်။ Special Simcard ဆိုတာက အဲ.ဒီဆင်းမ်ကတ်ကိုင်ဆောထင်ားသူအချင်းချင်း ဖုန်းဘေ လွဲပြောင်းပေးနိုင်ခြင်းဖြစ်ပါတယ်. မိမိကSpecial Simcardကိုထင်ားမယ် အေ၇းပေါ် ပိုက်ဆံကုန်နေ၇င် အဲ့ဒီဆင်းမ်ကတ်ကိုင်ဆောထင်ားသူမိမိသူငယ်ချ င်းကိုလှမ်းပြောပြီးသူ.ဖုန်းဘေထဲကေငွကိုလှမ်းSH AREခိုင်းလို.၇တာပါ။ အောက်တိုဘာနောက်ဆုံးထားပြိး ဆင်းမ်ကတ်တကတ် အတင်ာနက်အပါ ၁၂၀၀ကျပ် ဒါမှမဟုတ် ၁၅၀၀ကျပ်ဖြင်.ပြည်သူတွေဆီအေ၇ာက်ပို.ဆောင် ပေးတော့မှာပါ။ ဆင်းမ်ကတ်ဝယ်ယူ၇ာမှာလည်း မွတ်ကုလား အော်လီဒူးလိုဘာကိုယ်ေ၇းအချက်အလက်မှမလို ပါဘူး လွတ်လပ်စွာဝယ်ယူနိုပင်ါတယ်၊ဒါ.ကြောင်. သောက်ဇယား၇ှုပ်တဲ. မွတ်ကုလားအော်လီဒူးကိုအားမေပးဘဲ တယ်လီနော်ကိုသာအားပေးဖို.အကြံပြုလိုက်ပ၇ေ စဗျာ၊ Credit - NyiMinNwe မြန်မာအားလုံး Page အားလုံး ဒီသတင်း Share ပေးကြပါရန်။ အင်တာနက်စာမျက်နှာမှ ...Vampire Joker...

စလင်းက မိတ်​​ဆွေ များအတွက်ဆော့ဝဲ ....တွေရေးနေပါပြီ

စလင်းက လူတွေအတွက် အသုံးဝင်မယ်ထင် သော ဆော့ဝဲများ အားရေးပေးနေပါပြီ လိုချင်သော ဆော့ဝဲ ရှိရင်လဲ KM-Mobile phone Repiar & services ph-09401571475 ကိုဆက်သွယ် ပြီး လာယူလို့ရပါတယ်....လို့သတင်းကောင်းပါးလျှက်...,........... vampire joker

နမ်းနည်း နှင့်​ ပတ်​သတ်၍ သတိထားသင့်​​သောအချက်​များ

လူတစ်​​ယောက်နဲ့ တစ်​ယောက် mouth to mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်​ပါသလဲ။ Mouth to mouth ဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အေရးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ေကန လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။ ပေါ့ပေါ့ပါးပါးသေဘာ။ French Kissing ကို Deep Kissing သတ်မှတ်တယ်။ အထဲထိ နက်တယ်။ French kiss နမ်းနည်းမှာ တေယ်ာရကဲ့ နှုတ်ခမ်းနဲ့ နောက်ေတယ်ာရကဲ့ လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။ Slow passionate တေဖြးဖြေးချင်းနဲ့ စိတ်လိုလ်ရက ရှိရတယ်။ Intimate သိရပင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖ်ြရစတယ်၊ Erotic or sexual လိစငိတ်တွေ ဖြစ်ပေါ်လာစေမယ်။ ပြသင်စ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့ နမ်းတယ်လို့ ခေါ်တယ်။ အရတင်ုံးက Florentine kiss လို့လဲ ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe (Galoche) လို့ခေါ်တာက အကျအန စ်ွရပ-စီးရ-လည်ပတ်စေရလို့ ထပင်ါတယ်။ Erotic kiss လိစငိတ်-အနမ်းသေဘာ သက်ရောက်တာက အဖ်ါရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ Oral zone ပါးစပ်ဝန်းကျဟင်ာ Principal erogenous zone ကိုယ်ခန္ဓာရဲ့ လိစငိတ် နှိုးထေစတဲ့ ပမေင်နရာ ဖြစ်ပြီး လျှာက အထွတ်အထိပ်ကျတယ်။ - Steps ဘယ်လို နမ်းကြသလဲ ၁။ Moisten your lips အရဆင်ုံး နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။ ၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကေန အဟန့်အတား မဖြစ်စေအာင် ရှောဘငို့ပါ။ ၃။ Close your eyes နမ်းခါနီးတုံးက တေယာက်မျက်နှာ တေယာက် စိုက်ကြည့်ရာကေန မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။ ၄။ Start with a gentle and soft closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။ ၅။ Go Dutch on the decision to French Kissing တေယာက်တဝက် စိတ်တူသေဘာတူ နမ်းကြမယ် ဆိုတာ ဆုံးဖ်ြရတတယ်။ ၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကေန စေ့ဆော်လို့ ပါးစပ်က တေဖြးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။ ၇။ Go slow စိရတှည် ဖြေးလေး အချိန်ပေးပါ။ ၈။ Breathe အသ်ရကှူဘို့ မေမ့ပါနဲ့။ ၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။ ၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ်လို့ရပါပြီ။ ၁၁။ Read your partner's body language ပါးစပ်က မေပြာပေမဲ့ ကိုယ်အမူအရာကပြတဲ့ အေဖ်ါရဲ့စိတ်ကို သေဘာပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ) ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။ လက်တွေ့ ရှိထားသူတွေကေန (ရှယ်) ကြတာတွေ -ရှိပါတယ် နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။ သူ့ဖါသာ -နားလည်လာကြတာပါ။ - Don't saliva too much သွားရည် သိပ်မများအောင် ဂရုစိုက်ပါ။ -Just massage her tongue with yours လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။ -Follow her lead if she wants to မိန်းကေလးကို ရှေ့ကေပြးပါစေ။ - My boyfriend likes it when I move my tounge in a circular motion ကျမရည်းစားက ကျမလျှာကို စက်ဝိုင်းလည်သလို လုပ်ပေးတာကို သိပ်ေသဘာကျတ်ရယှင့်။ - တာဝန်အရ သတိပေးပါရေစ Light kissing ပေါ့ပေါ့ပါးပါး နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုတင်ယ်။ ထိစပ်တဲ့နေရာ (ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အေပါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။ တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အေအးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။ Ugly, dripping, oozing, puss-filled sores မြသင်ာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။ Sexually transmitted diseases လိကင်တဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ ကူးနိုတင်ယ်။ အေဖ်ါအေကြာင်း ကောင်းကောင်း မသိရင် အန္ကရာယ်နဲ့ မကစားတာ ကောင်းတယ်။ နောက်တခုလဲ သတိပေးအုံးမယ်။ ငယ်တုံးရွယ်တုံးမှာ French kissing ကို အေဖ်ါတွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရေစဘို့ ပိုပြီးနီးစပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။ ဒေါက်တာတင့်ဆွေ By vampire joker

တစ်လလျှင် (၁၅)နာရီအထက် မိုဘိုင်းလ်ဖုန်း ပြောသူများ ဦးနှောက်အကြိတ် ဖြစ်နိုင်ခြေပိုများ

တစ်လလျှင် မိုဘိုင်းလ်ဖုန်း (၁၅)နာရီအထက် အသုံးပြုသူများတွင် ဦးနှောက်တွင်း အကြိတ်ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် ပိုမို များပြားလာတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက်တွင် ကင်ဆာဖြစ်နိုင်ခြေ ဆက်စပ်မှုရှိမရှိ အငြင်းပွားနေသည့် အခြေအနေများကို ပိုမို၍ တွန်းအားဖြစ်ပေါ်လာစေသည်။ ပြင်သစ်သုတေသီများက နှစ်ရှည်လများ မိုဘိုင်းလ်ဖုန်း အသုံးပြုပြီး အလုပ်လုပ်ခဲ့ရသူများ၏ ဦးနှောက်အခြေအနေကို စစ်ဆေးပြီး ယခုကောက်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နာရီ(၉၀၀)ကျော်မျှ မိုဘိုင်းလ်ဖုန်းနှင့် ထိတွေ့ပြောဆိုမှုမျိုး ရှိခဲ့သူ တစ်ဦးသည် ဦးနှောက်တွင် အကြိတ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ခုခံနိုင်သည့် သဘာဝ ကိုယ်ခံစွမ်းအား လျော့နည်းနေတတ်ကြောင်း သိရသည်။ အလုပ်ခွင်တွင် မိုဘိုင်းလ်ဖုန်း တစ်လုံးဖြင့် အဆက်မပြတ် အချိန်းအချက် ပြုလုပ်ပြီး အလုပ်ရှုပ်လေ့ ရှိသူများသည် ယင်းကဲ့သို့ အားနည်းချက်မျိုးကို အများဆုံး ပိုင်ဆိုင်ကြုံတွေ့ရတတ်ကြောင်း သုတေသီများက ဆိုသည်။ ပြင်သစ်မှ ပညာရှင်များသည် (၂၀၀၄)ခုနှစ်နှင့် (၂၀၀၆)ခုနှစ်ကြား သုတေသနပြုခဲ့သည့် မှတ်တမ်းများကို အခြေခံကာ ယခုစစ်တမ်းကို လေ့လာပြုစုခဲ့ခြင်း ဖြစ်သည်။ ဖုန်းကို ရေရှည်အသုံးပြုရသည့် အခြေအနေအတွက် ဘေးထွက်ဆိုးကျိုးသည် ပျမ်းမျှ (၂)နှစ်မှ (၁၀)နှစ်ကြား အချိန်အတွင်း သိသာစွာ ထွက်ပေါ်လာတတ်ကြောင်းလည်း သုတေသီများက ယူဆထားသည်။ ယခုစစ်တမ်းကို ဘောဒိုးစ် တက္ကသိုလ်ရှိ သုတေသန ဌာနက ဆန်းစစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ထုတ် Occupational and Evironmental ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ယခင်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ နိုင်ငံတကာ ကင်ဆာသုတေသန ဌာနကလည်း မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်လာသည့် လျှပ်စစ်သံလိုက် လှိုင်းမျးသည် ကင်ဆာဆဲလ်များကို လှုံ့ဆော်သည့် အခြေအနေမျိုး ရှိနိုင်ကြောင်း ကြေညာထားခဲ့ဖူးသည်။ Planet Myanmar Network

“ ကိုယ့်ချစ်သူပြောတဲ့စကား တစ်ခွန်း မက်ဆေ့တစ်စောင်​ကို ဘယ်တော့မှ လစ်လျှုမရှုမိပါစေနဲ့ ”

“ ကိုယ့်ချစ်သူပြောတဲ့စကား တစ်ခွန်း မက်ဆေ့တစ်စောင်​ကို ဘယ်တော့မှ လစ်လျှုမရှုမိပါစေနဲ့ ” ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မ​လေးဆီက မက်ဆေ့တွေ ၀င်လာတာကိုညည်းငွေ့နေတယ် ။ နေ့တိုင်းနေ့တိုင်းပဲ “ နင့်ကို ငါအရမ်းချစ်တယ် ” “ နင့်ကို ငါလွမ်းတယ် ” တဲ့ မက်ဆေ့တွေကြောင့် သူ့စိတ်ထဲ ရိုးပြီးညည်းငွေ့သလိုဖြစ်လာတယ်။ တစ်ညမှာတော့ ကောင်မ​လေးဆီကလာတဲ့ မက်ဆေ့ကို သူမဖတ်ခဲ့ပဲ အိပ်​ရာဝင်​ခဲ့တယ်။ နောက်တစ်​ရက် မှာတော့ ကောင်မ​လေး အ​မေဆီကေန ဖုန်းဝင်​လာခဲ့တယ်။ ကောင်မ​လေး ညက ကားတိုက်မှုဖြစ်ပြီး အဲဒီညတွင်းချင်းပဲ သေဆုံးသွားခဲ့ပြီတဲ့။ သူ ၀မ်းနည်းယူကြုံးမရဖြစ်ပြီး ကောင်မလေး ညက ပေးတဲ့မက်ဆေ့ကို သွားဖတ်ကြည့်မိတော့ “ အချစ် ကျေးဇူးပြုပြီး အိမ်ရှေ့ကို ခဏထွက်လာခဲ့ပါ ငါ နင့်အိမ်ရှေ့မှာ ကားတိုက်မှုဖြစ်လို့ - - အခု ငါ့ရဲ့ နောက်ဆုံးအချိန်လေးမှာ နင့်ကို တွေ့ချင်​ပါတယ် ကျေးဇူးပြုပြီး ငါ့ကို လာတွေ့ပါ နော် - - - ” @@@@@@@@@@@@@@@@@@@ “ ကိုယ့်ချစ်သူပြောတဲ့စကား တစ်ခွန်း မက်ဆေ့တစ်စောကငို ဘယ်တော့မှ လစ်လျှုမရှုမိပါစေနဲ့ ” ဘယ်​​လောက်​၀မ်းနည်​ဖို့​ကောင်​ပါသလဲ ..... လူသားအားလုံးထဲကလူသားတစ်​​ယောက်​ ...... Vampire Joker.......

အားလုံးကို share ​ပေးကြပါဗျာ

ကျွ​န်​​တော့်​တို့ Blog ​လေးကလူသိနည်း​နေပါ​နေတယ်​ ဒီ အတွက်​​ကြောင့်​ ကျွန်​​တော့်​တို့ ဒီ​ဆော့ဝဲ​လေး ကို ပြန်​လည်​ မျှ​ဝေ​ စေချင်​ပါတယ် ဘာရယ်​မဟုတ်​ဘူး ဆို​ပေမဲ့ စလင်း နှင့်​ အခြား မှ ဖြစ်​ပျက်​တာ​လေး​ တွေကို ​ဝေမျှ​ပေးမှာဖြစ်​ပါတယ်​ ကျွမ်းကျင်​တဲ့သူ​တွေမဟုတ်​​တော့ အမှားများပါရင်​လည်း ခွင့်​လွတ်​​ပေးပါလို့ ​တောင်းပန်​ပါတယ်​ အကူအညီ​လည်း​တောင်းလို့ရပါတယ်​ ​Mail နဲ့ဆိုရင်​​တော့ ဒီ​မေး​လေး kyawkokomin.lulu@gmail.com ကို ဆက်​သွယ်​လိုက်​ပါ ဗျာ အချိန်​မ​ရွေး ပါဘဲ ကြွားတာ​တော့မဟုတ်​ပါဘူး ဟဲ ဟဲ လူသားအားလုံးထဲကလူသားတစ်​​ယောက်​ Vampire Joker